ရှီကျင့်ဖိန်သည် Tianjin တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ပြန်စာ ပေး
မကြာခင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် Tianjin တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ပြန်စာပေးပို့ခဲ့ပြီး၊ Tianjin တက္ကသိုလ် တည်ထောင်ခြင်း နှစ် ၁၃၀ ပြည့်အတွက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့် ကျောင်းသားဟောင်းများအားလုံးအား ဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။
ထိုပြန်စာတွင် ရှီကျင့်ဖိန်က ခေတ်ကာလသစ် တရုတ်ဝိသေသလက္ခဏာပါရှိသည့် ဆိုရှယ်လစ် အတွေးအခေါ်၏ လမ်းညွှန်မှုအတိုင်း၊ နိုင်ငံတော်၏ အဓိက မဟာဗျူဟာမြောက် လိုအပ်ချက်များကို အာရုံစိုက်ပြီး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမို ကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်ကာ၊ တရုတ် အသွင်ပုံစံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရာ၌ စွမ်းဆောင်မှုသစ် လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။