တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည့် ၇၆နှစ် ပြည့်မြောက်ခြင်း ဧည့်ခံပွဲကို ပေကျင်းတွင် ကျင်းပရာ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြား 21:40:46 2025-09-30

အရင်းအမြစ်:CRI   |    2025-09-30 17:30:00

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည့် ၇၆နှစ် ပြည့်မြောက်ခြင်းကို ဂုဏ်ပြုသည့် ဧည့်ခံပွဲကို စက်တင်ဘာလ ၃၀ရက်နေ့ ညတွင် ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ကျင်းပရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဧည့်ခံပွဲသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ် အမျိုးသားတို့၏ မွန်မြတ်သော ပြန်လည် ရှင်သန်ရေးကို အကောင် အထည် ဖော်ဆောင်ရေးသည် သမိုင်းတွင် မကြုံစဖူး ကြီးကျယ်မြင့်မြတ်သော အရေးတော်ပုံ ဖြစ်ကြောင်း၊ မျှော်မှန်းတမ်းတမှုနှင့် စိန်ခေါ်မှုတို့သည် မိမိတို့၏ အချိန်ကို မိမိရရ အသုံးချပြီး မည်သည့်အချိန်မှ လျော့ရိလျော့ရဲ မရှိသော အားထုတ်ကြိုးပမ်းမှု စိတ်ဓာတ်ကို လှုံ့ဆော်နိုင် ကြောင်း၊ မိမိတို့သည် ပါတီ ဗဟို ကော်မတီ၏ ဦးဆောင်မှု အောက်တွင် ရင်းနှီးစွာ စည်းလုံးညီညွတ်ပြီး အာမာန်အပြည့်ဖြင့် ကြိုးစားအားထုတ် အပင်ပန်းခံ လုပ်ဆောင်ကာ တရုတ် အသွင်ပုံစံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို ထွန်းလင်းတောက်ပ ရွှန်းလဲ့တင့်ဆန်းသည့် အခန်းကဏ္ဍကို ဖန်တီးပေးရန် အားထုတ်ကြိုးပမ်း ကြရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည့် ၇၆နှစ် ပြည့်မြောက်ခြင်း ဧည့်ခံပွဲကို ပေကျင်းတွင် ကျင်းပရာ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြား 21:40:46 2025-09-30