ရှီကျင့်ဖိန်အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များသည် ပြည်သူ့ အာဇာနည်များအား လွမ်းသူ့ပန်းခွေချ ဂါရဝပြု
အရင်းအမြစ်:CRI |
2025-09-30 17:29:00
ယခုနှစ်သည် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှင့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်ပါသည်။ အာဇာနည်နေ့တွင် ပြည်သူ့အာဇာနည်များအား လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ထျန်းအန်းမင် ရင်ပြင်ကြီး၌ ကြီးကျယ် ခမ်းနားစွာ ကျင်းပပြီး၊ ရှီကျင့်ဖိန်အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် ပြည်သူ့ အာဇာနည်များအား လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့သည်ဟု သတင်းအရ သိရပါသည်။