ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများသို့ တက်ရောက်ရန် ဥရူမချီ မြို့သို့ ရောက်ရှိ

အရင်းအမြစ်:CRI   |    2025-09-23 17:27:00

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများသို့ တက်ရောက်ရန် အထူး လေယာဉ်ဖြင့် စက်တင်ဘာလ ၂၃ရက်နေ့ ညနေပိုင်းတွင် ဥရူမချီမြို့သို့ ရောက်ရှိခဲ့ပါသည်။ ရှင်းကျန်းရှိ တိုင်းရင်းသားလူမျိုးစုများက သမ္မတရှီကျင့်ဖိန်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါသည်။

ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ အနေနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တည် ထောင်ခြင်း အထိမ်းအမှတ် လှုပ်ရှားမှုများကို တက်ရောက်ခြင်းသည် ပါတီနှင့် နိုင်ငံ သမိုင်း တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ရှင်းကျန်း၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အလွန်အလေးထားပြီး ရှင်းကျန်းရှိ တိုင်းရင်းသားလူမျိုးစုများ၏ ကေဒါ များနှင့် ပြည်သူများအပေါ် ချစ်ခင်ရင်းနှီးပြီး အာရုံစိုက်မှုကို ပြည့်ပြည့်ဝဝ ပြသနိုင်ခြင်းပင် ဖြစ်ပါသည်။

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများသို့ တက်ရောက်ရန် ဥရူမချီ မြို့သို့ ရောက်ရှိ