သမ္မတ ရှီကျင့်ဖိန်သည် ဂိုင်ယာနာသမ္မတ Irfaan Ali ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့
စက်တင်ဘာလ ၁၀ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က Mohamed Irfaan Ali အား ဂိုင်ယာနာ သမ္မတအဖြစ် ထပ်မံ တင်မြှောက်ခြင်း ခံရသည့်အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ သဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန်က ဂိုင်ယာနာ နိုင်ငံသည် ကာရစ်ဘီယံ ဒေသတွင် တရုတ်နှင့် သံတမန်ဆက်ဆံရေး အစောဆုံးထားရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထားရှိပြီးနောက် ၅၃ နှစ်အတွင်း တရုတ်-ဂိုင် ယာနာ ဆက်ဆံရေးသည် ကောင်းမွန်တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး နယ်ပယ် အသီးသီးရှိ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရရှိခဲ့ကာ ဘက်ပေါင်းစုံ ကိစ္စရပ် များတွင် ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိသည် သမ္မတ Ali နှင့်အတူ Belt and Road အရည်အသွေးမြင့်မားစွာ အတူတကွတည်ဆောက်မှု မူဘောင်အတွင်း နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိပြီး ချစ်ခင်ရင်းနှီးသော ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ တရုတ်-ဂိုင်ယာနာ ဆက်ဆံရေးကို အဆင့် သစ်သို့ အဆက်မပြတ် ရောက်ရှိစေရန်နှင့် နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုရန် ကြိုး ပမ်းဆောင်ရွက်လိုကြောင်း ရေးသားဖော်ပြခဲ့ပါသည်။