ရှီကျင့်ဖိန်သည် ၂၀၂၅ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
စက်တင်ဘာလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၅ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲသို့ ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်၏ ဂုဏ်ပြု သဝဏ်လွှာတွင် လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေး အခြေအနေ လေးနက်သော အပြောင်းအလဲများကို ကြုံတွေ့နေရပြီး တစ်ကမ္ဘာလုံးတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများတစ်ပြိုင်တည်း ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် အဆင့်မြင့်မားသော တံခါးဖွင့်ရေးကို မယိမ်းမယိုင် တိုးချဲ့ပြီး စံနှုန်းမြင့်မားသော နိုင်ငံတကာ စီးပွားကုန်သွယ်ရေး စည်းမျဉ်းများနှင့် လိုက်လျောညီထွေ ဖြစ်စေကာ လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်မှုဇုန်များ၊အမျိုးသား ဝန်ဆောင်မှု ကုန်သွယ်ရေး ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု စံပြဇုန်များအပါအဝင်ပလက်ဖောင်းများတွင် ရှေ့ပြေး စမ်းသပ်မှုများကို ပိုမို လျင်မြန်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုဈေးကွက်ကို စနစ်တကျ တံခါးဖွင့်ရန်နှင့် ဝန်ဆောင်မှု ကုန်သွယ်ရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တွန်းအားပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု ကုန်သွယ်မှုတွင် တံခါးဖွင့်သော ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန်၊ တံခါးဖွင့်သော ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ရန်နှင့် လူသား ကံကြမ္မာ တူ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အဆက်မပြတ် အားသစ်လောင်းပေးရန် ဆန္ဒရှိကြောင်း ရေးသားဖော်ပြထားပါသည်။