ရှီကျင့်ဖိန်သည် BRICS နိုင်ငံများ အွန်လိုင်း ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

အရင်းအမြစ်:CRI   |    2025-09-09 18:24:00

စက်တင်ဘာလ ၈ ရက်နေ့ညက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS နိုင်ငံများ အွန်လိုင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး "စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ပြီး အခက်အခဲများ ကျော်လွှား၍ ချီတက်ကြစို့ " ခေါင်းစဉ်ဖြင့် အရေးကြီးသည့် မိန့်ခွန်းကိုပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က မျက်မှောက်အချိန်ကာလတွင် နိုင်ငံတကာ ရာစုနှစ် ပြောင်းလဲမှုများ ဖြစ်ပွားနေပြီး ဗိုလ်ကျစိုးမိုးရေးဝါဒ၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ အုတ်အော်သောင်းသဲ ဖြစ်နေကြောင်း၊ ကမ႓ာ့ တောင်ဘက်ခြမ်း နိုင်ငံများများ၏ရှေ့ပြေး အုပ်စုအဖွဲ့ အနေဖြင့် BRICS နိုင်ငံများသည် တံခါးဖွင့်ပြီး သက်ညှာထောက်ထားရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ဟူသော BRICS စိတ်ဓာတ် ထွန်းကားလာအောင် ဦးလည်မသုန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဘက်ပေါင်းစုံ ဝါဒကို လက်တွဲ ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံ ကုန်သွယ်ရေးစည်းစနစ်ကို ထိန်းသိမ်းရမည် ဖြစ်ပြီး "မဟာ BRICS ပူးပေါင်းဆောင်ရွက်ရေး" ကို တွန်းအားပေးကာ လူသားကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် BRICS နိုင်ငံများ အွန်လိုင်း ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား