ရှီကျင့်ဖိန်သည် ၂၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဆွေးနွေးပွဲ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

အရင်းအမြစ်:CRI   |    2025-09-08 18:24:00

စက်တင်ဘာလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဆွေးနွေးပွဲထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဆွေးနွေးပွဲသည် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတူတကွ မြှင့်တင်ခြင်း ဟူသော ထာဝရဆောင်ပုဒ်ဖြစ်ပြီး တံခါးဖွင့်လှစ်သော ကမ္ဘာ့ စီးပွားရေး တည်ဆောက်မှုကို တွန်းအားရန် အပြုသဘော ဆောင်သော ကဏ္ဍမှ ပါဝင် ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများ ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းစေရန် ထိ ရောက်သော ပလက်ဖောင်း တစ်ခုဖြစ်လာကြောင်း ထောက်ပြ ခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အားလုံး ပါဝင်နိုင်ပြီး ဘုံအကျိုးရှိစေသော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို မြှင့်တင်ရန်နှင့် သာယာဝပြောသောအနာဂတ်ကို ဖန်တီးရန် ဘက် အသီးသီးနှင့် လက်တွဲဆောင်ရွက်လိုကြောင်း အလေးထား ဖော်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ၂၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဆွေးနွေးပွဲ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့