ရှီကျင့်ဖိန်သည် တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ၏ ၁၅ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးသို့ ဂုဏ်ပြုအမှာစကား ပေးပို့

အရင်းအမြစ်:CRI   |    2025-09-06 18:22:00

ယခုလ ၆ ရက်နေ့က တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ၁၅ ကြိမ်မြောက် နှစ်နိုင်ငံ မျက်နှာစုံညီ အစည်းအဝေးကို ရုရှား နိုင်ငံ Vladivostok တွင် ကျင်းပနေသည်။ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အစည်း အဝေးသို့ ဂုဏ်ပြု အမှာစကား ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တည်ထောင်ခဲ့သည့် ၂၈နှစ် အတွင်း ချစ်ကြည်ရေး အဓွန့်ရှည်စေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် မူရင်းစိတ်ဆန္ဒများကို စွဲကိုင်ထားပြီး တရုတ်-ရုရှား ဆက်ဆံရေး အခြေအနေ အတွက် အစွမ်းကုန် ဝန်ဆောင်မှုပေးကာ နှစ်နိုင်ငံ ဆက်ဆံရေး၏ လူ့ဘောင်အဖွဲ့ အစည်းနှင့် ပြည်သူ့ဆန္ဒ အခြေခံတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း၊ ကော်မတီသည် ယခု အကြိမ် အစည်းအဝေးကို အခွင့်အကောင်း အဖြစ် မှတ်ယူပြီး နှစ်နိုင်ငံ ပြည်သူများ အကြား ကူးလူးဖလှယ်ရေး အတွက် အဓိက ပေါင်းကူးတံတား အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ ခေတ်ကာလသစ်တွင် နှစ်နိုင်ငံ ပြည်သူများ အကြား အပြန်အလှန် သိရှိနားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ချစ်ကြည်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ရုရှား သမ္မတပူတင်သည်လည်း အစည်းအဝေးသို့ ဂုဏ်ပြု အမှာ စကား ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်သည် တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ၏ ၁၅ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးသို့ ဂုဏ်ပြုအမှာစကား ပေးပို့