ရှီကျင့်ဖိန်သည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု စက်မှုကုန်စည်ပြပွဲ ထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

အရင်းအမြစ်:CRI   |    2025-09-05 18:20:00

စက်တင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု စက်မှုကုန်စည်ပြပွဲ ထံသို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် ညဏ်ရည်တု နည်းပညာ လျင်မြန်စွာ ဆင့်ကဲ တိုးတက်နေပြီး လူသားများ၏ ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှု အသွင်ပုံစံကို နက်ရှိုင်းစွာ ပြုပြင်နေကာ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ဖွဲ့စည်းပုံကို ပြန်လည် ဆန်းသစ် ထူထောင် နေကြောင်း၊ တရုတ်နိုင်ငံသည် ညဏ်ရည်တုလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် စီမံအုပ်ချုပ်ရေးကို လွန်စွာ အလေးထားပြီး စီးပွားရေး၊ လူမှုရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု နေထိုင်မှုဘဝ အရည်အသွေး မြှင့်တင်မှုအတွက် အကျိုးပြု အသုံးပြုနေကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ နိုင်ငံအသီးသီးတို့နှင့် ညဏ်ရည်တု နည်းပညာ နယ်ပယ်ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လိုပြီး ညဏ်ရည်တုဆိုင်ရာ အောင်မြင်မှု ရလဒ်များဖြင့် နိုင်ငံအသီးသီးမှ ပြည်သူများအား အကျိုး ဆောင်ပေးလိုပါကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၅ ကမ္ဘာ့ ဉာဏ်ရည်တု စက်မှုကုန်စည်ပြပွဲကို စက်တင်ဘာလ ၅ ရက်နေ့က ချုံချင့် မြို့၌ စတင် ကျင်းပခဲ့သည်ဟု သတင်းရရှိပါသည်။

ရှီကျင့်ဖိန်သည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု စက်မှုကုန်စည်ပြပွဲ ထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့