ရှီကျင့်ဖိန်သည် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းနှင့် တွေ့ဆုံ

အရင်းအမြစ်:CRI   |    2025-09-05 18:18:00

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော မြောက်ကိုးရီးယား အလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းနှင့် စက်တင်ဘာလ ၄ ရက်နေ့ညက ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် မြောက်ကိုရီးယားတို့သည် အေးအတူ ပူအမျှ၊ အပြန်အလှန် ကူညီထောက်ပံ့သော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် ရဲဘော်ကောင်းများ ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရသည် တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး အစဉ်အလာကို လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ ဆက်ဆံမှုကို ကောင်းမွန်စွာ ထိန်းသိမ်းပြီး ခိုင်ခံ့စွာ တိုးတက်လာအောင် ဆောင်ရွက် လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ကင်ဂျုံအန်းက နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရေး သံယောဇဉ်သည် ပြောင်းလဲမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု နက်ရှိုင်းစွာ ဆက်တိုက် တိုးတက်ခြင်းသည် မြောက်ကိုရီးယား၏ ပြတ်သားသော ဆန္ဒပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းနှင့် တွေ့ဆုံ