ရှီကျင့်ဖိန်သည် ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမ အတွင်းရေးမှူး၊ ကျူးဘားနိုင်ငံ သမ္မတ Díaz Canelနှင့် တွေ့ဆုံ
အရင်းအမြစ်:CRI |
2025-09-04 18:17:00
စက်တင်ဘာလ ၄ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန်အတွက် တရုတ်ပြည်ကို ရောက်ရှိနေသော ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအတွင်းရေးမှူး၊ ကျူးဘားနိုင်ငံ သမ္မတ Díaz Canel နှင့် တွေ့ဆုံခဲ့ပါသည်။