ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုနှင့် တွေ့ဆုံ

အရင်းအမြစ်:CRI   |    2025-09-04 18:13:00

စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်သူများ၏ ဂျပန် ခုခံ တော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ရန် တရုတ်ပြည်သို့ရောက်ရှိလာသော အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုနှင့် တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်က အခက်အခဲများကြားမှ မစ္စတာ သမ္မတအနေဖြင့် တရုတ်နိုင်ငံ၏ အထိမ်းအမှတ်လှုပ်ရှားမှုသို့ တက်ရောက်ခြင်းမှာ တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးအပေါ် အလေးထားမှုနှင့် တရုတ်လူမျိုးများအပေါ် ရိုးသားသော ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေကြောင်း၊ တရုတ်နိုင်ငံသည် မစ္စတာသမ္မတ၏ အုပ်ချုပ်မှုကို ထောက်ခံပြီး အင်ဒိုနီးရှားတွင် တည်ငြိမ်အေးချမ်းရေး အမြန်ဆုံး ပြန်လည်ရရှိရေးနှင့် အင်ဒိုနီးရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံကြောင်း ပြောကြားပါသည်။

ပရာဘိုဝိုက ပြည်တွင်းအခြေအနေကို မိတ်ဆက်ပြီး အခြေအနေက တဖြည်းဖြည်းတည်ငြိမ်နေပြီဖြစ်ကြောင်း၊ တရုတ်ပြည်သူများနှင့်အတူ ဂျပန် ခုခံ တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားကို အထိမ်းအမှတ်ပြုနိုင်ရန် အလွန်ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုနှင့် တွေ့ဆုံ