ရှီကျင့်ဖိန်သည် မလေးရှားဝန်ကြီးချုပ် Anwarနှင့် တွေ့ဆုံ

အရင်းအမြစ်:CRI   |    2025-09-03 18:10:00

စက်တင်ဘာလ ၂ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ၂၀၂၅ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်းအဝေးနှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုသို့ တက်ရောက်လာသော မလေးရှားဝန်ကြီးချုပ် Anwarနှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်၊ မလေးရှား နှစ်နိုင်ငံတို့သည် စိတ်တူသဘောတူရှိကြသော မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ပြောင်းလဲနေသော နိုင်ငံတကာ အခြေအနေတွင် အပြန်အလှန်ဖေးမကူညီပေးပြီး ခေတ်မီလမ်းကြောင်းပေါ်တွင် လက်တွဲ၍ အတူ လျှောက်လှမ်းနေကြကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မလေးရှား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းကို တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများ၏ ချမ်းသာ သုခများကို ပိုမိုများပြားစွာ ဆောင်ကြဉ်းလာကာ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုးရေးကို မြှင့်တင်ဖို့ အကျိုးပြုစွမ်းဆောင်ရေးအတွက် မလေးရှားနိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

Anwar က တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုသို့ တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မလေးရှား နိုင်ငံသည် မလေးရှားနှင့်တရုတ်အကြား ထူးခြားသော မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို မြတ်နိုးစွာ တန်ဖိုးထားပြီး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိုင်းကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော ချမ်းသာသုခများကို ဆောင်ကြဉ်းပေးနိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် မလေးရှားဝန်ကြီးချုပ် Anwarနှင့် တွေ့ဆုံ