ရှီကျင့်ဖိန်နှင့် ဘရာဇီး သမ္မတ Lulaတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်
ယခုလ ၁၂ ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ချိန်းဆိုထားသည့် အတိုင်း ဘရာဇီး နိုင်ငံ သမ္မတ Lulaနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။
ရှီကျင့်ဖိန်က တရုတ် နိုင်ငံသည် ဘရာဇီးနှင့် အတူ အခွင့်အလမ်းများကို ယူပြီး ပိုမိုများပြားသော အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု ကောင်းကျိုးရလဒ် များကို ဖန်တီးကာ ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံကြီးများ အကြား စည်းလုံးညီညွတ်ပြီး ကိုယ်ထူကိုယ်ထဖြစ်သည့် စံနမူနာကို စိုက်ထူ၍ ပိုမိုတရားမျှတသော ကမ္ဘာနှင့် ပိုမိုစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်သော ကမ္ဘာမြေကြီးကို တည်ဆောက်ရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
Lulaက ဘရာဇီးသည် BRICS အပါအဝင် ဘက်ပေါင်းစုံ ယန္တရားများတွင် တရုတ် နိုင်ငံနှင့် ကူးလူးဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှု လုပ်ရပ်များကို ဆန့်ကျင်ကာ နိုင်ငံအသီးသီးတို့၏ ဘုံအကျိုးစီးပွားများ ကို ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။