ယခုနှစ်အတွင်း အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ နိုင်ငံတော် စီမံအုပ်ချုပ်မှုမှတ်တမ်း- အင်အား တောင့်တင်းသော နိုင်ငံတည်ထောင်ရေးနှင့် အမျိုးသား နာလန်ပြန်ထူရေးတို့၏ ယဉ်ကျေးမှု အခြေခံ အုတ်မြစ်ကို အခိုင်အမာ တည်ဆောက်
တရုတ်ပုံစံ ခေတ်မီရေးသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုများ ဟန်ချက်ညီအောင် ဖြစ်စေသော ခေတ်မီရေး ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ညွှန်ပြထားသည်။ ယခုနှစ်အတွင်း အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် တရုတ်လူမျိုးများ၏ ခေတ်မီသော ယဉ်ကျေးမှု တည်ဆောက်ရေး ရှုထောင့်တွင် ရပ်တည်ပြီး ခေတ်မီသော ဆိုရှယ်လစ်ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်စေရေး၊ တော်လှန်ရေးယဉ်ကျေးမှု ထွန်းကားစေရေးနှင့် တရုတ်နိုင်ငံ၏ ကောင်းမွန်သော ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ ဆက်ခံစေရေးကို တွန်းအားပေးထားပါသည်။
ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်များဖြင့် ခေတ်သစ်တွင် တရုတ်နိုင်ငံသည် ပိုမို ခိုင်မာသော ယဉ်ကျေးမှု ယုံကြည်စိတ်ဖြင့် အင်အားတောင့်တင်းသော ဆိုရှယ်လစ် ယဉ်ကျေးမှု နိုင်ငံတည်ဆောက်ရန် ဆောင်ရွက်နေပါသည်။ “ယခုနှစ်အတွင်း အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ နိုင်ငံတော် စီမံအုပ်ချုပ်မှုမှတ်တမ်း” စီးရီး မှ “အင်အားတောင့်တင်းသောနိုင်ငံ တည်ထောင်ရေးနှင့် အမျိုးသား နာလန်ပြန်ထူရေး တို့၏ ယဉ်ကျေးမှု အခြေခံအုတ်မြစ် အခိုင်အမာ တည်ဆောက်” ရေးကို ယနေ့တွင် ထုတ်လွှင့်မည် ဖြစ်ပါသည်။