ရှီကျင့်ဖိန်သည် ကမ္ဘာ့ လူငယ် ငြိမ်းချမ်းရေး ညီလာခံထံသို့ စာပေးပို့

အရင်းအမြစ်:CRI   |    2025-07-29 18:03:00

ယခုလ ၂၉ ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့ လူငယ် ငြိမ်းချမ်းရေး ညီလာခံ ထံသို့ စာရေးသားပေးပို့ကြောင်း သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်ပြည်သူများ၏ ဂျပန်ကျူးကျော်မှု ခုခံရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲခံ နှစ် ၈၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ အနာဂတ် ငြိမ်းချမ်းရေးသည် လူငယ်များတွင် တည်ရှိကြောင်း၊ နိုင်ငံ အသီးသီးမှ လူငယ် မိတ်ဆွေများ အနေနှင့် ယခုအကြိမ် ညီလာခံကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး အတွေး အခေါ်များ ဖလှယ်ကာ သိရှိနားလည်မှုကို တိုးပွားစေ၍ ချစ်ကြည်ရေး ရရှိပြီး ငြိမ်းချမ်းရေး ခံယူချက် တိုက်တွန်းအားပေးသူနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်သူအဖြစ် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေးခြင် အတွက် ဉာဏ်ပညာနှင့် တွန်းအားကို ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ၄င်းစာတွင် အလေးထား ရေးသား ဖော်ပြထားသည်။

ကမ္ဘာ့ လူငယ် ငြိမ်းချမ်းရေး ညီလာခံကို ထိုနေ့တွင် ပေကျင်း၌ ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ “ငြိမ်းချမ်းရေး အတွက် အတူတကွ ကြိုးပမ်းကြ” ဟူ၍ ဖြစ်သည်။

ရှီကျင့်ဖိန်သည် ကမ္ဘာ့ လူငယ် ငြိမ်းချမ်းရေး ညီလာခံထံသို့ စာပေးပို့