ရှီကျင့်ဖိန်သည် ရေဘေး ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရေဘေး ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါသည်။
ရှီကျင့်ဖိန်က ယခုရက်များတွင် တရုတ်အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုနှင့် ရေဘေးများ ဖြစ်ပွားကာ ပေကျင်းမြို့နှင့် ဟိုပေ၊ ကျီလင်နှင့် စန်းတုန်း စသည့် ပြည်နယ်များတွင် လူသေကျေဒဏ်ရာ ရရှိမှုနှင့် ဓနဥစ္စာ နစ်နာဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်း၊ ရေဘေး ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရမည် ဖြစ်ပြီး ပျောက်ဆုံး ပိတ်မိ နေသူများကို အစွမ်းကုန် ရှာဖွေ ကယ်ဆယ်ရမည် ဖြစ်ကြောင်း၊ အန္တရာယ်နှင့် ကြုံတွေ့နေရသော ပြည်သူလူထုများကို အချိန်မီ ရွှေ့ပြောင်း နေရာချပေးရမည် ဖြစ်ပြီး လူသေကျေဒဏ်ရာရရှိမှုကို အတတ်နိုင်ဆုံး လျှော့ချရမည် ဖြစ်ကြောင်း၊ ဒေသအရပ်ရပ်နှင့် သက်ဆိုင်ရာဌာနများ အနေနှင့် နိုင်ငံရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ဘက်စုံ ကျေပြွန်စွာ ထမ်းဆောင်ရမည် ဖြစ်ပြီး ရေဘေးကာကွယ်ရေး ဆောင်ရွက်မှုများကို သေချာ ထိရောက်စွာ ဖော်ဆောင်ကာ ပြည်သူများ၏ အသက်စည်းစိမ် လုံခြုံမှုကို အစွမ်းကုန် အာမခံ ပေးရမည် ဖြစ်ကြောင်း ညွှန်ကြားခဲ့ပါသည်။