မော်လ်ဒိုက် လွတ်လပ်ရေး နှစ် ၆၀ ပြည့်မြောက်ခြင်းအပေါ် ရှီကျင့်ဖိန်မှ မော်လ်ဒိုက်သမ္မတထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့
အရင်းအမြစ်:CRI |
2025-07-27 17:58:00
ဇူလိုင်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မော်လ်ဒိုက်နိုင်ငံ လွတ်လပ်ရေး နှစ် ၆၀ ပြည့်မြောက်ခြင်းအပေါ် မော်လ်ဒိုက်နိုင်ငံ သမ္မတ Mohamed Muizzu ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နှင့် မော်လ်ဒိုက်တို့သည် ရိုးရာချစ်ကြည်ရေး အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ ၁၉၇၂ ခုနှစ်က သံတမန်ဆက်ဆံရေး ထူထောင်ပြီး ကတည်းက တရုတ်-မော်လ်ဒိုက် ဆက်ဆံရေးသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ မိမိအနေနှင့် တရုတ်-မော်လ်ဒိုက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားပြီး တရုတ်-မော်လ်ဒိုက် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေ၍ တရုတ်-မော်လ်ဒိုက် ကံကြမ္မာတူ အသိုက်အဝန်းကို အတူ ထူထောင်ကြရန်အတွက် သမ္မတ Muizzu နှင့် လက်တွဲကြိုးပမ်းအားထုတ်သွားဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။