သမ္မတ ရှီကျင့်ဖိန်၏ “ပညာရေး ဆိုင်ရာ အတွေးအခေါ်” “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှု အတွေးအခေါ် လေ့လာရေး အကျဉ်းချုပ်” နှင့် “နီးကပ်သော မြင်ကွင်း- နွေးထွေးသော အခိုက်အတန့်များ” စာအုပ်များ၏ အရေးအသား ရှုပ်ထွေးသည့် တရုတ် ဘာသာ စာလုံး ဗားရှင်းများကို ဟောင်ကောင်းတွင် ပွဲဦးထွက် ထုတ်ဝေ

အရင်းအမြစ်:CRI   |    2025-07-18 17:22:00

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ “ပညာရေး ဆိုင်ရာ အတွေးအခေါ်” “ရှီကျင့်ဖိန် ၏ ယဉ်ကျေးမှု အတွေးအခေါ် လေ့လာရေး အကျဉ်းချုပ်” နှင့် “နီးကပ်သော မြင်ကွင်း - နွေးထွေးသော အခိုက်အတန့်များ” စသည့် စာအုပ်များ၏ အရေးအသား ရှုပ်ထွေးသည့် တရုတ် ဘာသာ စာလုံး ဗားရှင်းများကို မကြာခင်က Sino United Publishing (Holdings) Limited က ဟောင်ကောင်းတွင် ပွဲဦးထွက် ထုတ်ဝေဖြန့်ချိခဲ့သည်။ ယခုလ ၁၆ ရက်နေ့က ဟောင်ကောင် စာအုပ် ကုန်စည်ပြပွဲ၏ ပထမရက်တွင် ယင်းစာအုပ်များ၏ ထုတ်ဝေပွဲကို ကျင်းပခဲ့သည်။

“ပညာရေး ဆိုင်ရာ အတွေးအခေါ်” စာအုပ်တွင် ပညာရေး ဆိုင်ရာ သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီး ဆောင်းပါး ၄၇ ပုဒ်ကို ထည့်သွင်းထားပြီး “မည်သည့်လူရည်ချွန်မျိုးကို ပြုစု ပျိုးထောင် ရမည်နည်း၊ လူရည်ချွန်ကို မည်သို့ပြုစုပျိုးထောင်မည်နည်းနှင့် မည်သူမည်ဝါ အတွက် လူရည်ချွန်ကို ပြုစုပျိုးထောင်ပေးမည်နည်း” ဟူသော အခြေခံ မေးခွန်းများကို သိပ္ပံ နည်းကျစွာ ဖြေကြားခဲ့သည်။ “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှု အတွေးအခေါ် လေ့လာရေး အကျဉ်းချုပ်”စာအုပ် သည် ရှီကျင့်ဖိန်၏ ယဉ်ကျေးမှု အတွေးအခေါ်၏ အမြုတေ အနှစ်သာရ၊ စိတ်ပိုင်းဆိုင်ရာ အနှစ်သာရ၊ အနက်အဓိပ္ပါယ်နှင့် လက်တွေ့လိုအပ်ချက်များကို စနစ်တကျ ရှင်းလင်းဖော်ပြထားပြီး ယဉ်ကျေးမှု နယ်ပယ်တွင် ရှီကျင့်ဖိန်၏ ခေတ်ကာလသစ်တွင် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်၏ ကိုယ်တိုင် အကျိုးပြု စွမ်းဆောင်မှုများကို ဘက်စုံဖော်ပြထားပါသည်။ “နီးကပ်သော မြင်ကွင်း- နွေးထွေးသော အခိုက်အတန့်များ” စာအုပ်သည် ဆင်ဟွာ သတင်းဌာနမှ အမည်တူညီသော သတင်း ထုတ်ပြန်ချက်များကို အခြေခံပြီး သမ္မတ ရှီကျင့်ဖိန်၏ တိုင်းပြည် စီမံအုပ်ချုပ်ရေးနှင့် ပတ်သက်သော ဓာတ်ပုံများကို သေချာစွာ ရွေးချယ်ပြီး ယင်းဓာတ်ပုံများ၏ နောက်ကွယ်တွင် နွေးထွေးသော အကြောင်းအရာများကို ပုံနှင့် စာတွဲ၍ အသက်ဝင်အောင် ရေးသားဖော်ပြ ထားသည်။

ဟောင်ကောင်တွင် ယင်းစာအုပ် ၃ အုပ်ကို ထုတ်ဝေဖြန့်ချိခြင်းသည် ဟောင်ကောင်နှင့် မကာအို စာဖတ်သူများက ရှီကျင့်ဖိန်၏ ခေတ်ကာလသစ်တွင် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို စနစ်တကျ သိရှိနားလည်ရန်၊ ရှီကျင့်ဖိန်၏ ယဉ်ကျေးမှု အတွေးအခေါ်၏ သိပ္ပံနည်းကျသော စနစ်ကို နက်ရှိုင်းစွာ သိရှိနားလည်ရန်နှင့် တရုတ် ပညာရေး လုပ်ငန်း အပေါ် သိမြင်မှုကို နက်ရှိုင်းစေရန်အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ပြီး နိုင်ငံ၊ လူမျိုးနှင့် ယဉ်ကျေးမှု ဆိုင်ရာ တစ်သားတည်းရှိခြင်းကို ဆက်တိုက် တိုးမြှင့်ရန် အတွက် ဖြစ်ဖြစ်၊ တရုတ် အမျိုးသားတို့၏ မွန်မြတ်သော ရှင်သန်မှုများကို အကောင်အထည် ဖော်ဆောင်နိုင်ရန် အတွက် ဟောင်ကောင်နှင့် မကာအို မွေးချင်း ပေါက်ဖော်များ အပါအဝင် တစ်ပြည်လုံးရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူများ စည်းလုံးညီညွတ်ပြီး လက်တွဲ အားထုတ်ကြိုးပမ်းလုပ်ဆောင်နိုင်ကြစေဖို့ လမ်းညွှန်ပေးခြင်း အတွက် ဖြစ်ဖြစ် အလွန် အရေးကြီးသည်။

သမ္မတ ရှီကျင့်ဖိန်၏ “ပညာရေး ဆိုင်ရာ အတွေးအခေါ်” “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှု အတွေးအခေါ် လေ့လာရေး အကျဉ်းချုပ်” နှင့် “နီးကပ်သော မြင်ကွင်း- နွေးထွေးသော အခိုက်အတန့်များ” စာအုပ်များ၏ အရေးအသား ရှုပ်ထွေးသည့် တရုတ် ဘာသာ စာလုံး ဗားရှင်းများကို ဟောင်ကောင်းတွင် ပွဲဦးထွက် ထုတ်ဝေ