ရှီကျင့်ဖိန်သည် ကီရီဘာတီနိုင်ငံ ၄၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ကီရီဘာတီနိုင်ငံ သမ္မတ Mamau ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့
ဇူလိုင်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ကီရီဘာတီနိုင်ငံ ၄၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ကီရီဘာတီနိုင်ငံ သမ္မတ Mamau ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နှင့် ကီရီဘာတီနိုင်ငံတို့သည် ၂၀၁၉ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ပြန်လည် ထားရှိပြီး နှစ်နိုင်ငံဆက်ဆံရေးသည် မြင့်မားစွာ တိုးတက်ပြီး ကောင်းကျိူးရလပ်များစွာ ရရှိကြောင်း၊ မိမိသည် တရုတ်နှင့် ကီရီဘာတီ ဆက်ဆံရေးကို အလွန်အလေးထားပြီး သမ္မတ Mamauနှင့်အတူ နိုင်ငံရေးဆိုင်ရာ အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေရန်၊ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ ပြည်သူများကြား နားလည်သိရှိမှုကို တွန်းအားပေးရန် နှင့် နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်ပြီး အဆင့်သစ်သို့ ရောက်ရှိစေရေး တွန်းအားပေးရန်အတွက် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့ပါသည်။