ရှီကျင့်ဖိန်သည် ရှန်းရှီးပြည်နယ် ယန်ချွမ်မြို့တွင် ဂျပန် ကျူးကျော်မှု ခုခံရေး စစ်ပွဲတွင် အသက် ဆုံးရှုံးခဲ့သည့် အာဇာနည်များအား လွမ်းသူပန်းခြင်းများဖြင့် ဂုဏ်ပြုပြီး “တပ်ရင်းကြီး ၁၀၀ ကျော် ပါဝင်တိုက်ခိုက်ကြသည့် တိုက်ပွဲစဉ်” အထိမ်းအမှတ် ပြတိုက်ကို ကြည့်ရှု

အရင်းအမြစ်:CRI   |    2025-07-08 16:21:00

ယခုလ ၇ ရက်နေ့ ညနေပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ရှန်းရှီးပြည်နယ် ယန်ချွမ်မြို့တွင် ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းအရ သိရသည်။

ရှီကျင့်ဖိန်သည် “တပ်ရင်းကြီး ၁၀၀ကျော် ပါဝင်တိုက်ခိုက်ကြသည့် တိုက်ပွဲစဉ်” အထိမ်း အမှတ် ကျောက်တိုင် ရင်ပြင်သို့ သွားရောက်ပြီး ၄င်းတိုက်ပွဲစဉ်တွင် အသက်ဆုံးရှုံးခဲ့သော အာဇာနည်များအား လွမ်းသူ ပန်းခြင်းများဖြင့် ဂုဏ်ပြုကာ “တပ်ရင်းကြီး ၁၀၀ ကျော် ပါဝင် တိုက်ခိုက် ကြသည့် တိုက်ပွဲစဉ်” အထိမ်းအမှတ် ပြတိုက်ကို ကြည့်ရှု၍ ဂျပန် ကျူးကျော်မှုကို ခုခံ တိုက်ခိုက်ခဲ့ရာတွင် အာဇာနည်များ၏ ထူးချွန်သောလုပ်ရပ်များကို လွမ်းဆွတ် သတိရပြီး တရုတ် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တပ်မှူးတပ်သားများနှင့် ပြည်သူများ၏ ရန်သူ အပေါ် တစ်ခဲနက် ခါးခါးသီးသီး ရွံမုန်းကြပြီး ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်ခဲ့ကြသည့် ထွန်းလင်း တောက်ပသော သမိုင်းကြောင်းကို ပြန်ပြောင်း သတိရကာ ဒေသခံများ၏ တော်လှန်ရေးနှင့် သမိုင်း ရေးရာ ပညာရေး ဆောင်ရွက်ခြင်းနှင့် ဂျပန် ကျူးကျော်မှု ခုခံရေးတွင် မွန်မြတ်သော စိတ်ဓာတ်ကို ဆက်ခံ ထွန်းကားစေသည့် အကြောင်းအရာများကို လေ့လာခဲ့ကြောင်း သိရပါသည်။