ရှီကျင့်ဖိန်သည် ဗဟို ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပ

အရင်းအမြစ်:CRI   |    2025-07-02 15:51:00

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံ‌တော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ရက်နေ့ နံနက်ပိုင်းက ဗဟို ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး တစ်ပြည်လုံး ညီညွတ်သော ဈေးကွက် ကြီး တည်ဆောက်မှုနှင့် အဏ္ဏဝါ စီးပွားရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်ရေးစသည့် အရေးကိစ္စများနှင့် ပတ်သက်၍ လေ့လာခဲ့ကြောင်း သတင်းအရ သိရသည်။

အစည်းအဝေးတွင် ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားရာ၌ တစ်ပြည်လုံး ညီညွတ်သော ဈေးကွက်ကြီး တည်ဆောက်ရေးသည် ဖွံ့ဖြိုးတိုးတက်ရေး စနစ်သစ် တည်ဆောက်ရေးနှင့် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး၏ လိုအပ်ချက် ဖြစ်‌ကြောင်း၊ တရုတ် အသွင်ပုံစံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး အတွက် အဏ္ဏဝါ စီးပွားရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော အဏ္ဏဝါ စီးပွားရေး အပေါ် ကိုးကား၍ အားကောင်း စေမည့် လမ်းကြောင်းကို လျှောက်လှမ်းရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်သည် ဗဟို ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပ