နိုင်ငံတော်၏ အထွေထွေ လုံခြုံရေးဆိုင်ရာ အတွေးအခေါ်များကို ဦးလည်မသုန် ဖော်ဆောင်ပြီး အေးချမ်းသော တရုတ်နိုင်ငံ တည်ဆောက်ရေးကို ပိုမို မြင့်မားသော အရည်အချင်း အထိ ရောက်ရှိအောင် တွန်းအားပေးရမည်ဟု ရှီကျင့်ဖိန် ဆို
ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် အရည်အချင်း ပိုမို မြင့်မားသော အေးချမ်းသည့် တရုတ်နိုင်ငံကို တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ၁၉ ကြိမ်မြောက် လေ့လာ ဆွေးနွေးပွဲကို ကျင်းပ ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် လေ့လာဆွေးနွေးပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။
ရှီကျင့်ဖိန်က အရည်အချင်း ပိုမို မြင့်မားသော အေးချမ်းသည့် တရုတ်နိုင်ငံကို တည်ဆောက်ရေးသည် လုပ်ငန်းများ ရှင်သန်ရေး၊ ပြည်သူများ၏ သာယာချမ်းသာသော နေထိုင်မှုဘဝနှင့် နိုင်ငံတော်၏ ရေရှည် အေချမ်းရေးနှင့် ပတ်သက်ကြောင်း၊ နိုင်ငံတော်၏ အထွေထွေ လုံခြုံရေးဆိုင်ရာ အတွေးအခေါ်များကို ဦးလည်မသုန် ဖော်ဆောင်ကာ နိုင်ငံတော် ပိုမို လုံခြုံရေး၊ လူ့ဘောင်အဖွဲ့အစည်း ပိုမို စနစ်တကျ ဖြစ်ရေး၊ စီမံခန့်ခွဲမှုများ ပိုမို ထိရောက်ရေးနှင့် ပြည်သူများ ပိုမို ကျေနပ်အားရမှု ဖြစ်ရေးတို့တွင် ဆက်လက် ကြိုးပမ်း အားထုတ်ပြီး အေးချမ်းသော တရုတ်နိုင်ငံ တည်ဆောက်ရေးကို ပိုမို မြင့်မားသော အရည်အချင်း အထိ ရောက်ရှိအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။