Qiushi ဂျာနယ်တွင် ရှီကျင့်ဖိန်၏ အရေးကြီးဆောင်းပါးကို ထုတ်ပြန်
မတ်လ ၁ရက်နေ့တွင် ထုတ်ပြန်တော့မည့် အမှတ်စဉ် (၅) Qiushi ဂျာနယ်တွင် “စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ဆက်စပ်မှု ၃-၄တွဲကို ဘက်ပေါင်းစုံ ကနေ ကောင်းမွန်စွာ စီမံခန့်ခွဲ ကိုင်တွယ်ဖြေရှင်းရန်” ဟူသော ခေါင်းစဉ်ဖြင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အရေးကြီးဆောင်းပါး တစ်ပုဒ်ကို ဖော်ပြမည် ဖြစ်ကြောင်း သတင်းအရ သိရသည်။
၂၀၂၄ ခုနှစ်သည် ၁၄ ကြိမ်မြောက် ၅နှစ် စီမံကိန်း ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရန် သော့ချက်ကျသော နှစ်တစ်နှစ် ဖြစ်ကြောင်း၊ ပြင်ပမှ ဖိအားပေးမှု ကြီးမားလာပြီး ပြည်တွင်း အခက်အခဲများ တိုးပွားလာခဲ့သည့် ရှုပ်ထွေးတင်းမာ သော အခြေအနေကို ရင်ဆိုင်ခဲ့ရသော်လည်း ပါတီ ဗဟို ကော်မတီသည် ပါတီ တစ်ရပ်လုံးနှင့် တစ်ပြည်လုံးရှိ တိုင်းရင်းသား လူမျိုးစု ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ယေဘုယျအားဖြင့် တရုတ် စီးပွားရေး လည်ပတ်မှု သည် တည်ငြိမ်ပြီး တိုးတက်မှု ရရှိကာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာအောင် ဖော်ဆောင်၍ တရုတ် စီးပွားရေး အင်အား၊ သိပ္ပံနည်းပညာ အင်အားနှင့် နိုင်ငံတော် အထွေထွေ အင်အားများသည် ဆက်လက် အားကောင်းလာပြီး တရုတ် အသွင်ပုံစံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးသည် ခိုင်မာသော ခြေလှမ်းသစ်ကို တက်လှမ်းခဲ့ကြောင်း ၎င်းဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။