ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်များနှင့် အတွင်းရေးမှူး ဌာန အတွင်းရေးမှူး စသည်များ၏ အစီရင်ခံစာများကို ကြားနာ
တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ သက်ဆိုင်ရာ သတ်မှတ်ချက် အရ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်များ၊ အတွင်းရေးမှူး ဌာန အတွင်းရေးမှူး၊ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ၊ နိုင်ငံတော် ကောင်စီ၊ တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ၊ တရုတ်ပြည်သူ့တရားရုံးချုပ်၊ တရုတ်ပြည်သူ့ ရှေ့နေချုပ်ရုံးမှ ပါတီ ဦးစီးအဖွဲ့များမှ အတွင်းရေးမှူးများသည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီနှင့် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်ထံသို့ နှစ်စဉ်နှစ်တိုင်း အစီရင်ခံစာများကို တင်သွင်းရကြောင်း သိရသည်။ မကြာခင်က သက်ဆိုင်ရာ ကော်မတီဝင်များနှင့် အတွင်းရေးမှူးများသည် သတ်မှတ်ချက်အရ ဗဟို ကော်မတီနှင့် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်ထံသို့ ၂၀၂၄ ခုနှစ် လုပ်ငန်း အစီရင်ခံစာများကို တင်သွင်းခဲ့သည်။
ရှီကျင့်ဖိန်သည် သက်ဆိုင်ရာ ကော်မတီဝင်များနှင့် အတွင်းရေးမှူးများ၏ လုပ်ငန်း အစီရင်ခံစာများကို လေးနက်စွာ ဖတ်ကြားပြီး အရေးကြီး ညွှန်ကြားချက်များကို ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်က ယခုနှစ်သည် ၁၄ ကြိမ်မြောက် ၅နှစ် စီမံကိန်း၏ နောက်ဆုံးနှစ် ဖြစ်သလို ပြုပြင်ပြောင်းလဲမှု တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစွာ ဖော်ဆောင်ရေး အတွက် အရေးကြီးသည့် နှစ်တစ်နှစ်လည်း ဖြစ်ကာ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်ရေး လုပ်ငန်းတာဝန်များ ကြီးလေးလှကြောင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အနေနှင့် တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်ပြီး အခက်အခဲများကို ကျော်လွှားကာ ပါတီ ဗဟို ကော်မတီမှ ချမှတ်ခဲ့သည့် မူဝါဒနှင့် စီစဉ်ပေးမှုများကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန် တွန်းအားပေး၍ တရုတ် အသွင်ပုံစံ ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှု ဘက်စုံ ဖော်ဆောင်ရေး ခရီးစဉ်သစ်တွင် အောင်မြင်မှုသစ်များ ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် အလေးထား ညွှန်ကြားပြောဆိုခဲ့ကြောင်း သိရသည်။