ရှီကျင့်ဖိန်၏ အရေးကြီးသည့် မိန့်ခွန်းသည် ခေတ်သစ်၊ ခရီးစဉ်သစ်တွင် အရပ်ဘက်လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်ကို ညွှန်ပြထားသည်

အရင်းအမြစ်:CRI   |    2025-02-20 13:25:00

မကြာမီက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အရပ်ဘက်လုပ်ငန်းများ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် ရှီကျင့်ဖိန်၏ မိန့်ခွန်းအပေါ် လှိုက်လှဲစွာ တုံ့ပြန်ခဲ့ကြပါသည်။

Chint Group Co., Ltd ဒါရိုက်တာများအဖွဲ့ ဥက္ကဋ္ဌ နန်ချွေဟွေက သမ္မတ ရှီကျင့်ဖိန်၏ ပြောကြားချက်များသည် အရပ်ဘက် လုပ်ငန်းများက အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ဦးတည်ချက်ကို ညွှန်ပြထားပြီး ခရီးစဉ်သစ်တွင် အရပ်ဘက်လုပ်ငန်းများ အကျိုးပြု စွမ်းဆောင်မှုများ ဆက်လက် ပြုလုပ်ရန်ကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Xiaomi Technology Co., Ltd ဒါရိုက်တာများအဖွဲ့ ဥက္ကဋ္ဌ လေကျွင်းက မိမိတို့သည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးကို အားဖြည့်ဆောင်ရွက်မည် ဖြစ်ပြီး တရုတ် ကုန်ပစ္စည်းများ၏ နိုင်ငံတကာဈေးကွက်များ၌ ယှဉ်ပြိုင်စွမ်းအား ပိုမို တိုးမြင့်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စား လုပ်ငန်းကုမ္ပဏီများတွင် ၉၀ ရာခိုင်နှုန်းကျော်သည် အရပ်ဘက် လုပ်ငန်းများ ဖြစ်ပြီး ယင်းတို့အနက် သိပ္ပံနည်းပညာနှင့် ဆန်းသစ် တီထွင်ရေးဆိုင်ရာ အသေးစားနှင့် အလတ်စား လုပ်ငန်းကုမ္ပဏီ ပမာဏသည် ၆ သိန်းကျော် ရှိကြောင်း စာရင်းအရ သိရပါသည်။

ရှီကျင့်ဖိန်၏ အရေးကြီးသည့် မိန့်ခွန်းသည် ခေတ်သစ်၊ ခရီးစဉ်သစ်တွင် အရပ်ဘက်လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်ကို ညွှန်ပြထားသည်