အရပ်ဘက်လုပ်ငန်းများဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားချက်သည် စိတ်အားထက်သန်သော တုံ့ပြန်မှုများ ရရှိ
အရင်းအမြစ်:CRI |
2025-02-20 13:23:00
အရပ်ဘက်လုပ်ငန်းများဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ မိန့်ခွန်း ပြောကြားချက်သည် အလွှာပေါင်းစုံတို့မှ စိတ်အားထက်သန်သော တုံ့ပြန်မှုများကို ရရှိခဲ့ ပါသည်။
လူအများက သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားချက်သည် တရုတ်အသွင်ပုံစံ ခေတ်မီရေး မြှင့်တင်ရန်အတွက် ကျယ်ပြန့်သော သဘောတူညီမှုများကို စုစည်းပြီး ခိုင်မာသော ယုံကြည်မှုများကို ထည့်သွင်းပေးခဲ့ကြောင်း၊ ခရီးအသစ်တွင် လုပ်ငန်းရှင်များ စိတ်ဓာတ်ကို ထွန်းကားပြီး လုပ်ငန်းများ ပိုမိုအားကောင်းစေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ဦးလည်မသုန် လျှောက်လှမ်းပြီး အရပ်ဘက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။