“အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ပညာရေးနှင့် ပတ်သက်သည့် အရေးကြီး ထုတ်ဖော် ပြောဆိုချက်ဆိုင်ရာ ပို့ချချက်စာအုပ်”ကို ပြင်သစ်ဘာသာ၊ ရုရှားဘာသာ၊ စပိန်ဘာသာ၊ အာရပ်ဘာသာများဖြင့် ထုတ်ဝေဖြန့်ချီ
အရင်းအမြစ်:CRI |
2025-02-18 13:22:00
တရုတ် ပညာရေး ဝန်ကြီးဌာနမှ စည်းရုံးပြီး ဘာသာပြန်ထားသည့် “အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ပညာရေးနှင့် ပတ်သက်သည့် အရေးကြီး ထုတ်ဖော် ပြောဆိုချက်ဆိုင်ရာ ပို့ချချက်စာအုပ်”၏ ပြင်သစ်ဘာသာ၊ ရုရှားဘာသာ၊ စပိန်ဘာသာ၊ အာရပ်ဘာသာ ဗားရှင်းများကို နိုင်ငံခြားဘာသာ သင်ကြားရေးနှင့် သုတေသနပြုရေး ထုတ်ဝေမှု ဌာနနှင့် အဆင့်မြင့် ပညာရေး ထုတ်ဝေမှုဌာနတို့မှ ထုတ်ဝေဖြန့်ချီခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနမှ ယခုလ ၁၇ ရက်နေ့က သတင်းအရ သိရသည်။
ယင်းစာအုပ်၏ နိုင်ငံခြားဘာသာဗားရှင်းများ ထုတ်ဝေဖြန့်ချီခြင်းသည် ပင်လယ်ရပ်ခြား ပြည်သူများအနေနှင့် သမိုင်းနောက်ခံအကြောင်းအရာ၊ ခေတ်သစ်တွင် တရုတ် ပညာရေး ပြုပြင်ပြောင်းလဲမှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါကြွယ်ဝသော အကြောင်းအရာများကို သိရှိနားလည်ရန်နှင့် တရုတ် ပညာရေး အကြောင်းအရာများ ကောင်းမွန်စွာ ပြောပြရာမှာ အလွန် အရေးကြီးသည်။