အရပ်ဘက်လုပ်ငန်းဌာနများနှင့် လုပ်ငန်းရှင်များ အနေနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးပြီး အကျိုးပြုစွမ်းဆောင်မှုသစ်များ ပြုလုပ်ကြရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန် ပြောကြား
အရင်းအမြစ်:CRI |
2025-02-18 13:21:00
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့၌ ကျင်းပသော အရပ်ဘက်လုပ်ငန်းဌာနများ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အရေးကြီးသည့် မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က အရပ်ဘက်လုပ်ငန်းဌာနများနှင့် လုပ်ငန်းရှင်များ အနေနှင့် နိုင်ငံတော်အတွက် အကျိုးဆောင်ပေးရန်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ တရားဥပဒေကို စောင့်စည်းပြီး ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်ရန်၊ ဦးစွာ ချမ်းသာလာပြီး လူအများ အတူ ချမ်းသာလာခြင်းကို တွန်းအားပေးရန်၊ တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးဖို့ အကျိုးပြုစွမ်းဆောင်မှုသစ်များ ပြုလုပ်ကြရန် မျှော်လင့်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။