ရှီကျင့်ဖိန်သည် အရပ်ဘက် လုပ်ငန်းဌာနများ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အရေးကြီးသည့် မိန့်ခွန်း ပြောကြား 14:08:47 2025-02-17
အရင်းအမြစ်:CRI |
2025-02-18 13:20:00
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့၌ ကျင်းပသော အရပ်ဘက်လုပ်ငန်းဌာနများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အရပ်ဘက်လုပ်ငန်းများမှ တာဝန်ခံကိုယ်စားလှယ်များ၏ ပြောကြားချက်များကို ကြားနာပြီးနောက် ရှီကျင့်ဖိန်သည် အရေးကြီးသည့် မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ လီချန်နှင့် တင်ရွှေရှန်တို့သည်လည်း ယခုအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး ဝမ်ဟုနင်သည် ဆွေးနွေးပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။