ရှီကျင့်ဖိန်သည် ၃၈ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

အရင်းအမြစ်:CRI   |    2025-02-17 13:19:00

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ၃၈ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီး အစည်းအဝေးသို့ ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပြီး အာဖရိကနိုင်ငံများနှင့် ပြည်သူများအား နွေးထွေးစွာ ထောမနာပြုခဲ့ပါသည်။

ရှီကျင့်ဖိန်က ရှုပ်ထွေးသော နိုင်ငံတကာ အခြေအနေနှင့် ရင်ဆိုင်နေရပြီး တရုတ်နှင့် အာဖရိကတို့ ကိုယ်စားပြုသော "ကမ္ဘာ့တောင်ဖက်ခြမ်းနိုင်ငံများ" ကတော့ သိသိသာသာ တိုးတက်လာ ကြောင်း၊ အာဖရိကနိုင်ငံများနှင့် ပြည်သူများက လွတ်လပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရှင်သန်ရေးလမ်းကြောင်းတွင် ပိုမိုကြီးမားသော အောင်မြင်မှုများ ဆက်လက် ရရှိနိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်-အာဖရိက "ခေတ်မီတိုးတက်ရေးဆိုင်ရာ အဆိုပြုချက် ၆ ရပ် နှင့် မိတ်ဖက် ဆောင်ရွက်ချက် ဆယ်ရပ်" ကို ပူးတွဲအကောင်အထည်ဖော်ဆောင်ရန်၊ ပိုမိုမြင်သာထင်သာရှိသော အောင်မြင်မှုရလဒ်များဖြင့် တရုတ်နှင့် အာဖရိကပြည်သူ ၂.၈ ဘီလီယံကျော်ကို အကျိုးပြု စွမ်းဆောင်ရန်အတွက် အာဖရိကခေါင်းဆောင်များနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်သွား လိုကြောင်း ဖော်ပြထားပါသည်။

ရှီကျင့်ဖိန်သည် ၃၈ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့