"Qiushi" မဂ္ဂဇင်းတွင် "ပြည့်စုံပြီး တင်းကျပ်သော ပါတီစီမံအုပ်ချုပ်မှုစနစ် မြှင့်တင်ခြင်း" ခေါင်းစဉ်ဖြင့် ရှီကျင့်ဖိန်၏ ဆောင်းပါးကို ထုတ်ပြန်ခဲ့သည်
အရင်းအမြစ်:CRI |
2025-02-17 13:17:00
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ထုတ်ဝေသော "Qiushi" မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ၏ "ပြည့်စုံပြီး တင်းကျပ်သော ပါတီစီမံအုပ်ချုပ်မှုစနစ် မြှင့်တင်ခြင်း" ခေါင်းစဉ်ဖြစ်သည့် ဆောင်းပါးကို ထုတ်ပြန်မည်ဖြစ်သည်။
ပါတီကို ဘက်စုံ တင်းကျပ်စွာ စီမံအုပ်ချုပ်ရေးကို အမြဲတမ်း ဆောင်ရွက်နေသကဲ့သို့ ပါတီ၏ ကိုယ့်ကိုယ်ကို တော်လှန်ရေးကိုလည်း အမြဲတမ်း ဆောင်ရွက်နေပါကြောင်း၊ ပါတီတစ်ရပ်လုံးသည် ပြည့်စုံပြီး တင်းကျပ်သော ပါတီစီမံအုပ်ချုပ်မှုစနစ် မြှင့်တင်ခြင်း ကို ထိရောက်သော နည်းလမ်းအဖြစ် ထားပြီး ခေတ်သစ်တွင် မွန်မြတ်သော ပါတီတည်ဆောက်ရေး လုပ်ငန်းစဉ်အသစ်ကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားဖေါ်ပြထားပါသည်။