မိသားစု ထောင်ချီသောင်းချီ၏ အကျင့်တရားကောင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ အကျင့်တရားကောင်းကို ထွန်းကားစေရမည်ဟု ရှီကျင့်ဖိန် ဆို
မုန့်လုံးရေပေါ်ပွဲတော်သည် အရာခပ်သိမ်း သင့်မြတ် စုစည်းသော သာယာလှပသည့် ပွဲတော် ဖြစ်သလို တိုင်းချစ် ပြည်ချစ် အိမ်ချစ် စိတ်ဓာတ် ထွန်းကားသော အချိန်အခါလည်း ဖြစ်ပါသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တိုင်းချစ် ပြည်ချစ် အိမ်ချစ်သူ တစ်ဦး ဖြစ်သည်။ ရှီကျင့်ဖိန်သည် မိသားစု သင့်မြတ်ဖော်ရွေ ပြေပြစ်အောင် တည်ဆောက်ရေးကို အလေးထားရမည်ဟု အကြိမ်ကြိမ် မှာကြားခဲ့ပြီး တိုင်းချစ် ပြည်ချစ် အိမ်ချစ်စိတ်ဓာတ်ကို တပြိုင်တည်း အလေးထားရမည်ဟုလည်း ထောက်ပြခဲ့ပါသည်။ ရှီကျင့်ဖိန်က မိသားစုအတွင်း အကျင့်တရားကောင်းကို အလေးထား မွေးထုတ်ရမှာ ဖြစ်ပြီး မိသားစု ထောင်ချီသောင်းချီ၏ အကျင့်တရားကောင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ အကျင့်တရားကောင်းကို ထွန်းကားစေရမည်ဟုလည်း ပြောကြားခဲ့သည်။ မကြာမီက Qiushi မဂ္ဂဇင်းတွင် "မိသားစုကို အလေးထားခြင်း၊ မိသားစုတွင်း သွန်သင် အသိပညာပေးမှုကို အလေးထားခြင်း၊ မိသားစု အကျင့်တရားကို အလေးထားခြင်း" ခေါင်းစဉ်ဖြင့် ရှီကျင့်ဖိန်၏ အရေးကြီး ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။