ရှီကျင့်ဖိန် သည် စိချွမ်း ပြည်နယ် Yibin မြို့ Junlian ခရိုင်တွင် တောင်မြေပြိုကျမှု ဖြစ်ပွားခြင်းအတွက် အရေးကြီးသော ညွှန်ကြားချက်များ ထုတ်ပြန်

အရင်းအမြစ်:CRI   |    2025-02-10 13:15:00

ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် တရုတ်နိုင်ငံ စိချွမ်း ပြည်နယ် Yibin မြို့ Junlian ခရိုင် Jinping ရွာတွင် တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ ၈ ရက်နေ့ ညနေ ၅ နာရီအထိ နေအိမ် ၁၀ လုံး နစ်မြုပ်သွားခဲ့ပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေ ကြောင်း သတင်းအရ သိရသည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အဆိုပါကိစ္စကို အလေးအနက်ထားကာ အရေးကြီးသော ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် စိချွမ်း ပြည်နယ် Yibin မြို့ Junlian ခရိုင်တွင် လူအများအပြား အဆက်အသွယ် ပြတ်တောက်စေခဲ့ကြောင်း၊ ပျောက်ဆုံးနေသူများကို အမြန်ဆုံး ရှာဖွေကယ်ဆယ်ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ တတ်နိုင်သမျှ လျော့နည်းစေရန် နောက်ဆက်တွဲ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စောင့်ကြည့်မှုနှင့် ကြိုတင်သတိပေးမှုများကို မြှင့်တင်ခဲ့ပြီး သိပ္ပံနည်းကျတဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဖြင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်ထားရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသအသီးသီးနှင့် သက်ဆိုင်ရာဌာနများအနေနှင့်လည်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက် ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန် သည် စိချွမ်း ပြည်နယ် Yibin မြို့ Junlian ခရိုင်တွင် တောင်မြေပြိုကျမှု ဖြစ်ပွားခြင်းအတွက် အရေးကြီးသော ညွှန်ကြားချက်များ ထုတ်ပြန်