ရှီကျင့်ဖိန် နှင့် ဖုန်လိယွမ် တို့သည် ဟာဘင် နဝမအကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတကာဧည့်သည်တော်များအတွက် ကြိုဆိုဧည့်ခံပွဲ ကျင်းပ

အရင်းအမြစ်:CRI   |    2025-02-08 13:09:00

ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖုန်လိယွမ် တို့သည် ဟေလုံးကျန်းပြည်နယ် ဟာဘင်မြို့ရှိ Sun Island ဟိုတယ်တွင် ဟာဘင် နဝမအကြိမ်မြောက် အာရှဆောင်းရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘရူနိုင်းနိုင်ငံ Sultan Hassanal ၊ ကာဂျစ္စတန်နိုင်ငံသမ္မတ Zaparov နှင့် ဇနီး Japarova ၊ ပါကစ္စတန်နိုင်ငံသမ္မတ Zardari ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် Petuntan ၊ တောင်ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Woo Won-shik နှင့်ဇနီး Shin Kyung-hye ၊ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bach နှင့် အာရှအိုလံပစ်ကောင်စီဒုတိယဥက္ကဋ္ဌ-၁ Timothy Fok တို့အပါအဝင် နိုင်ငံတကာ ဧည့်သည်တော်များအတွက် ကြိုဆိုဧည့်ခံပွဲ ကျင်းပခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာတွင် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ ကိုယ်စား ဟာဘင် နဝမအကြိမ်မြောက် အာရှဆောင်းရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတကာ ဧည့်သည်တော် များအား လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန် နှင့် ဖုန်လိယွမ် တို့သည် ဟာဘင် နဝမအကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတကာဧည့်သည်တော်များအတွက် ကြိုဆိုဧည့်ခံပွဲ ကျင်းပ