ဟာဘင်မြို့၌ကျင်းပမည့် ၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရှီကျင့်ဖိန် တက်ရောက်မည်
အရင်းအမြစ်:CRI |
2025-02-07 13:06:00
၉ ကြိမ်မြောက် အာရှဆောင်းရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းတွင် ဟေလုံကျန်းပြည်နယ် ဟာဘင်မြို့တွင် ကျင်းပမည် ဖြစ်ပြီး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း သတင်းအရ သိရပါသည်။
၇ ရက်နေ့ နေ့လယ်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာသည့် နိုင်ငံခြားခေါင်းဆောင်များအား ကြိုဆိုပွဲကိုလည်း ကျင်းပမည်ဖြစ်ပါသည်။ ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်မည့် နိုင်ငံခြားခေါင်းဆောင်များတွင် ဘရူနိုင်းနိုင်ငံ မှ Sultan Hassanal၊ ကာဂျစ္စတန်နိုင်ငံသမ္မတ Zaparov၊ ပါကစ္စတန်သမ္မတ Zardari နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Petuntan တို့ ပါဝင်မည် ဖြစ်ပါသည်။