ရှီကျင့်ဖိန် သည် Sadyr Japarov နှင့် တွေ့ဆုံ
အရင်းအမြစ်:CRI |
2025-02-06 11:49:00
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေ သည့် ကာဂျစ္စတန်နိုင်ငံသမ္မတ Sadyr Japarov နှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲကျင်းပပြီးနောက် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကာဂျစ္စတန်သမ္မတနိုင်ငံတို့မှ ခေတ်သစ်တွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ ရှေ့မောက်တွင် “Belt and Road” ပူးတွဲ တည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းနှင့် နိုင်ငံခြားရေး၊ စီးပွား ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။