ရှီကျင့်ဖိန်နှင့် ပြည်သူများ

အရင်းအမြစ်:CRI   |    2025-01-27 11:48:00

အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်စတင်ထမ်းဆောင်ချိန်ကတည်းက ရှီကျင့်ဖိန်ဟာ ၁၃ နှစ်ဆက်တိုက် တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီမှာ ပြည်သူလူထုကို သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားလေ့ရှိပါတယ်။ ၁၃ ကြိမ်တိုင်တိုင် နှစ်သစ်ကူးချိန်မှာ ဒီလိုသွားရောက်တွေ့ဆုံခဲ့မှုကို ပြန်လည်လေ့လာကြည့်လိုက်တဲ့အခါမှာ ၈ ကြိမ်လုံး ပထမဆုံးသွားရောက်ခဲ့တဲ့နေရာတွေကတော့ ကျေးလက်ဒေသတွေ ဖြစ်ပါတယ်။

ယူနန်-ကွေ့ကျိုးကုန်းပြင်မြင့်ဒေသကနေ နိုင်ငံရဲ့မြောက်ပိုင်း နယ်စပ်အစွန်အဖျားအထိ၊ နက်ရှိုင်းတဲ့တောတောင်ဒေသကနေ လယ်ကွင်းများအထိ၊ ရှီကျင့်ဖိန်ဟာ ချမ်းအေးပြီး ဆီးနှင်းတွေကျဆင်းနေတာကိုမမှုဘဲ တောတောင်ရေမြေများကိုဖြတ်သန်းကာ ကျေးလက်ဒေသတွေကိုသွားရောက်ပြီး ဒေသခံပြည်သူများကို နှစ်သစ်ကူးဆုတောင်းစကားတွေနဲ့ နှုတ်ခွန်းဆက်သခဲ့ပါတယ်။ ရှီကျင့်ဖိန်ဟာ ရွာသားတွေနေအိမ်ရဲ့ အပူဓာတ်ပေးတဲ့ကုတင်ပေါ်မှာထိုင်ပြီး ဒေသခံပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောဆွေးနွေးတယ်။ ရွာသားတွေနေအိမ်ရဲ့ မီးဖိုချောင်ထဲမှာ ဝင်ပြီး စားသောက်ဖွယ်ရာများကို အတူပြုလုပ်တယ်။ ရွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ဂရုတစိုက်ရှိတဲ့အပြင် ရွာသူရွာသားတွေရဲ့ ကျန်းမာရေးနဲ့ လူနေမှုဘဝအခြေအနေတွေ ကိုလည်း ပိုပြီးဂရုပြုပါတယ်။

မိဘပြည်သူတို့ရဲ့စကားတွေအားလုံးကို ကျွန်တော် စိတ်ထဲမှာ မှတ်သားထားပါတယ်၊ ပြည်သူလူထုရဲ့ပူပန်မှုတွေကို ကျွန်တော် ဂရုပြုအလေးထားမယ်၊ ပြည်သူလူထုရဲ့ မျှော်လင့်တောင့်တမှုတွေကို ကျွန်တော် အကောင်အထည်ဖော်ပေးမယ်လို့ ရှီကျင့်ဖိန်က ပြောပါတယ်။

ရှီကျင့်ဖိန်နှင့် ပြည်သူများ