နွေဦးပွဲတော် မတိုင်မီတွင် ရှီကျင့်ဖိန်သည် လျောင်နင်ပြည်သို့ လာရောက်ပြီး အခြေခံအဆင့် ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုများနှင့်တွေ့ဆုံ

အရင်းအမြစ်:CRI   |    2025-01-26 11:46:00

တရုတ် ရိုးရာနွေဦးပွဲတော် ကျရောက်လာတော့မည့် အခါ သမယတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လျောင်နင်ပြည်နယ်သို့ လာရောက်ပြီး အခြေခံ အဆင့် ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုများကို တွေ့ဆုံခဲ့သည်။

ယခုလ ၂၂ရက်နေ့မှ ၂၄ရက်နေ့ အထိ ရှီကျင့်ဖိန်သည် ဟူလူတောင်၊ ရှင်ယန်၊ ဘန်ရှီးစသည့် မြို့များသို့ သွားရောက်ပြီး ကျေးရွာ၊ ဈေးကွက်၊ လူနေရပ်ကွက်နှင့် လုပ်ငန်း ကုမ္ပဏီများကို ကွင်းဆင်းလေ့လာ ကြည့်ရှုစစ်ဆေးကာ အခြေခံ အဆင့် ကေဒါ ခေါင်းဆောင်များနှင့် ပြည်သူလူထုများအတွက် ဂရုစိုက်မှုနှင့် ဆုမွန်ကောင်းတောင်းကြောင်း ဖော်ပြခဲ့ပါသည်။

နွေဦးပွဲတော် မတိုင်မီတွင် ရှီကျင့်ဖိန်သည် လျောင်နင်ပြည်သို့ လာရောက်ပြီး အခြေခံအဆင့် ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုများနှင့်တွေ့ဆုံ