ရှီကျင့်ဖိန် သည် လျောင်နင်ပြည်နယ် Huludao မြို့သို့ လာရောက်ပြီး ရေဘေးသင့် ဒုက္ခသည်များအား ကြည့်ရှု
အရင်းအမြစ်:CRI |
2025-01-23 11:43:00
ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည်လျောင်နင် ပြည်နယ် Huludao မြို့ Suizhong ခရိုင် Zhujiagou ရွာသို့ လာရောက်ပြီး ရေဘေးသင့် ဒုက္ခသည်များအား ကြည့်ရှုကာ ၂၀၂၄ ခုနှစ်က ရေဘေးဒုက္ခခံခဲ့ရပြီးနောက် ဒေသခံများ၏ ပြန်လည်တည်ဆောက်မှုအခြေအနေကို ကွင်းဆင်းလေ့လာခဲ့ပါသည်။ ဆောင်းရာသီ မတိုင်မီ နေအိမ်သစ်သို့ ရွှေ့ပြောင်းလာခဲ့သော ရွာသူရွာသားများ၏ အိမ်များသို့ လာရောက်ပြီး ပြန်လည် တည်ဆောက်သော နေအိမ်များ၏ အရည်အသွေး၊ နေထိုင်မှုဘာဝ အာမခံပေးမှု စသည့်အခြေအနေများကို လေ့လာခဲ့ပါသည်။