ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ်ပါတီဝင် မဟုတ်သော ပုဂ္ဂိုလ်များကို တွေ့ဆုံပြီး တရုတ် နွေဦးပွဲတော်ကို အတူ ကြိုဆို
အရင်းအမြစ်:CRI |
2025-01-21 11:39:00
တရုတ် ရိုးရာနှစ်သစ် နွေဦးပွဲတော် ကျရောက်လာတော့မည့် အခါသမယတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၀ရက်နေ့ ညနေပိုင်းက ဘေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီးတွင် ဒီမိုကရေစီ ပါတီများ၏ ဗဟို ကော်မတီများမှ တာဝန်ခံများ၊ ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်ရေး သမဂ္ဂ တာဝန်ခံများနှင့် တစ်သီးပုဂ္ဂလများကို တွေ့ဆုံပြီး တရုတ် နွေဦးပွဲတော်ကို အတူ ကြိုဆိုခဲ့ကြသည်။ ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ကိုယ်စား ဒီမိုကရေစီ ပါတီများ၊ ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်ရေး သမဂ္ဂ၊ တစ်သီးပုဂ္ဂလများနှင့် နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး လုပ်ငန်း ဆောင်ရွက်သူများအား နွေဦးပွဲတော် နှုတ်ခွန်းဆက်သပြီး ဆုမွန်ကောင်းတောင်း လိုက်ကြောင်း ဖော်ပြသည်။