တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေးဆိုင်ရာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီးအတွေးအခေါ် အကျဉ်းချုပ် စာအုပ်ကို ပုံနှိပ်ထုတ်ဝေ

အရင်းအမြစ်:CRI   |    2025-01-17 11:33:00

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပါတီ ကေဒါခေါင်းဆောင်ရေးရာ ဝန်ကြီးဌာနမှ စည်းရုံးပြီး ရေးသား ပြုစုသော တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေးဆိုင်ရာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီးအတွေးအခေါ် အကျဉ်းချုပ် စာအုပ်ကို ပုံနှိပ်ထုတ်ဝေပြီး တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ဖြန့်ချိရောင်းချနေပါသည်။

အဆိုပါစာအုပ်တွင် တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေးဆိုင်ရာ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီးအတွေးအခေါ်နှင့် ပတ်သက်သော အမြုတေ အနှစ်သာရ၊ စိတ်ပိုင်းဆိုင်ရာအနှစ်သာရ၊ အနက်အဓိပ္ပါယ်နှင့် လက်တွေ့လိုအပ်ချက်များကို စနစ်တကျရှင်းလင်းဖော်ပြထားပြီး တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေး၏ အခြေခံမူ များ၊ သိပ္ပံနည်းကျစွာအခင်းအကျင်းများ၊ တန်ဖိုးရှာဖွေမှုများနှင့် အဓိကတာဝန်များ ကို နက်ရှိုင်းစွာ ရှင်းလင်းဖော်ပြကာ ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသပါရှိသော ဆိုရှယ်လစ်အတွေးအခေါ်မှ တရုတ်ကွန်မြူနစ်ပါတီ တည်ဆောက်ရေး နယ်ပယ်တွင် အကျိုးပြုစွမ်းဆောင်မှုများကို ဘက်စုံဖော်ပြထားပါသည်။

တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေးဆိုင်ရာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီးအတွေးအခေါ် အကျဉ်းချုပ် စာအုပ်ကို ပုံနှိပ်ထုတ်ဝေ