ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့

အရင်းအမြစ်:CRI   |    2025-01-17 11:32:00

ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ၁၃ ကြိမ်မြောက် ကိုယ်စားလှယ်များညီလာခံကျင်းပပြီးသည့်နောက် ဗီယက်နမ်ကွန်မြူနစ်ပါတီသည် ပြည်သူတစ်ရပ်လုံးကို ဦးဆောင်ပြီး အခက်အခဲများနှင့် စိန်ခေါ်မှုများစွာကို ကျော်လွှားကာ ဆိုရှယ်လစ်တည်ဆောက်မှုနှင့် ပြုပြင်ဆန်းသစ်မှုလုပ်ငန်းတွင် အောင်မြင်မှု အသစ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

To Lam သည် တရုတ်နိုင်ငံ ရှီးဇန့်(တိဗက်)ငလျင်ကြောင့် လူနှင့် ပစ္စည်းဥစ္စာများ ဆိုးရွားစွာ ဆုံးရှုံးခဲ့ရမှုအတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်ကြောင်း ဦးစွာပြောကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ ကမ်းလှမ်းချက်သုံးခုကို ဗီယက်နမ်နိုင်ငံအနေဖြင့် တက်ကြွစွာ ထောက်ခံအားပေးကြောင်းနှင့် ယင်းမူဘောင်အောက် တွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့