ရှီကျင့်ဖိန်သည် သီရိလင်္ကာသမ္မတ Dissanayake နှင့် တွေ့ဆုံဆွေးနွေး
ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ ခရီးလှည့်လည်နေသော သီရိလင်္ကာသမ္မတ Dissanayake နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှီကျင့်ဖိန်က နှစ်ဖက်စလုံး၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် တရုတ်-သီရိလင်္ကာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် အဆက်မပြတ် နက်ရှိုင်းစွာတိုးတက်လာပြီး Belt and Road အရည်အသွေးမြင့်မားစွာ အတူ တည်ဆောက်ရေးနှင့် နယ်ပယ်အသီးသီးတွင် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ရလဒ်ကောင်းများ ရရှိကာ နှစ်နိုင်ငံမှ ပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့ကြောင်း ပြောကြားပါသည်။
Dissanayake က ဒေသတွင်း အပြန်အလှန်ဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရန် သီရိလင်္ကာနိုင်ငံသည် Belt and Road အတူတည်ဆောက်ရေးကို အားဖြည့်ဆောင်ရွက်ခဲ့ပြီး ပိုမိုများပြားသောတရုတ်ကုမ္ပဏီများ သီရိလင်္ကာသို့ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။