ရှီကျင့်ဖိန်သည် ဥရောပကောင်စီဥက္ကဋ္ဌ ကော်စတာနှင့် ဖုန်းဖြင့် စကားပြောဆို
ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ကမ်းလှမ်းချက်အရ ဥရောပကောင်စီဥက္ကဋ္ဌ ကော်စတာ နှင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်နှင့် ဥရောပကြားတွင် အရင်းခံ အကျိုးစီးပွား ပဋိပက္ခ သို့မဟုတ် ပထဝီဝင်နိုင်ငံရေး ကွဲလွဲမှု မရှိကြောင်း၊ မိမိတို့သည် အပြန်အလှန် အကျိုးပြုနိုင်သော မိတ်ဖက်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၅၀ အတွင်း တရုတ်-ဥရောပ ဆက်ဆံရေးသည် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အပြန်အလှန် တွန်းအားပေးရုံသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက်လည်း အရေးပါသော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကော်စတာက ယနေ့ခေတ်သည် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေပြီး ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ပူးတွဲဖြေရှင်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုရန် ဥရောပနှင့် တရုတ်ကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဘက်တို့သည် ယူကရိန်းနှင့် အခြားကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ရှီကျင့်ဖိန်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မြှင့်တင်ခြင်းဆိုင်ရာ တရုတ်နိုင်ငံ၏ မူရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ပါသည်။