ရှီကျင့်ဖိန်သည် Grenada ဝန်ကြီးချုပ် Mitchell နှင့် တွေ့ဆုံ
ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ် နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်နေသော Grenada နိုင်ငံ ဝန်ကြီးချုပ် Mitchell နှင့် ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်- Grenada ဆက်ဆံမှုသည် တည်ငြိမ်စွာ တိုးတက်လာပြီး၊ နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများတွင် ကောင်းကျိုးရလဒ်များစွာ ရရှိခဲ့ကြောင်း၊ တရုတ်အနေနှင့် Grenada နှင့်အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများနဲ့ အကျိုးရလဒ်ကောင်းများ ပိုမို ရရှိအောင် အကျိုးပြု စွမ်းဆောင် သွားလိုကြောင်း ပြောကြားခဲ့ပါသည်။
Mitchell ကလည်း Grenada သည် Grenada-တရုတ် ဆက်ဆံမှုအတွင်းမှ အကျိုးရလဒ်များစွာ ရရှိခဲ့ပြီး၊ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်တွန်းအားပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။