ရှီကျင့်ဖိန်သည် တရုတ် တရားဥပဒေ ပညာ အကယ်ဒမီ အသင်း၏ နဝမ အကြိမ် ပြည်လုံးဆိုင်ရာ အသင်းဝင် ကိုယ်စားလှယ် ညီလာခံသို့ စာရေးသားပေးပို့
တရုတ် တရားဥပဒေ ပညာ အကယ်ဒမီ အသင်း၏ နဝမ အကြိမ် ပြည်လုံးဆိုင်ရာ အသင်းဝင် ကိုယ်စားလှယ် ညီလာခံ ကျင်းပသည့် အခါသမယတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညီလာခံသို့ စာရေးသားပေးပို့ပြီး တစ်ပြည်လုံးမှ တရားဥပဒေ ပညာရှင်များနှင့် တရားဥပဒေ လုပ်ငန်း ဆောင်ရွက်သူများအား နှုတ်ခွန်းဆက်သကြောင်း ဖော်ပြပြီး တရား ဥပဒေ ပညာ အကယ်ဒမီ အသင်း၏ လုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်ရန် မျှော်လင့်ချက်များကိုလည်း ဖော်ပြခဲ့သည်။
ရှီကျင့်ဖိန်၏ စာတွင် ခေတ်ကာလသစ်နှင့် ခရီးစဉ်သစ်တွင် တရား ဥပဒေ ပညာ အကယ်ဒမီ အသင်း အဆင့်ဆင့်တို့သည် ကိုယ်တိုင် တည်ဆောက်ရေးကို တစ်ဆင့်တိုး အားဖြည့် ဆောင်ရွက်ပြီး ပေါင်းကူးတံတား အဖြစ် အခန်းကဏ္ဍမှ ပိုမိုကောင်းမွန်စွာ ပါဝင် ဆောင်ရွက်ကာ တရား ဥပဒေ ပညာ အကယ်ဒမီ အသင်း၏ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေအနေသစ်ကို ဖန်တီးပေးရန် အားထုတ်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ် ကြောင်း အလေးထား ဖော်ပြထားသည်။