ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီ အစည်းအဝေးကို ကြီးမှူးကျင်းပ
တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီသည် ယခုလ ၉ရက်နေ့က အစည်းအဝေး ကျင်းပပြီး ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ၊ နိုင်ငံတော် ကောင်စီ၊ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ ပြည်သူ့တရားရုံးချုပ်နှင့် ပြည်သူ့ရှေ့နေချုပ်ရုံး၏ ပါတီ ဦးစီးအဖွဲ့များ၏ လုပ်ငန်း အစီရင်ခံစာများကို ကြားနာပြီး ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန၏ လုပ်ငန်း အစီရင်ခံစာကို ကြားနာခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး အရေးကြီး မိန့်ခွန်းကို ပြောကြားခဲ့သည်။
ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ၊ နိုင်ငံတော် ကောင်စီ၊ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ ပြည်သူ့တရားရုံးချုပ်နှင့် ပြည်သူ့ရှေ့နေချုပ်ရုံး၏ ပါတီ ဦးစီးအဖွဲ့များ၏ လုပ်ငန်း အစီရင်ခံစာများနှင့် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန၏ လုပ်ငန်း အစီရင်ခံစာကို ကြားနာခြင်းသည် ပါတီ၏ ဘက်စုံ ဦးဆောင်မှုနှင့် ပါတီ ဗဟို ကော်မတီ၏ စုစည်းဦးဆောင်မှုကို စွဲကိုင်မြှင့်တင်ရန် အတွက် အရေးကြီး စနစ်ဆိုင်ရာ စီစဉ်ပေးမှု ဖြစ်ကြောင်း ၄င်းအစည်းအဝေးတွင် ဖော်ပြသည်။