ရှီးဇန့်(တိဘက်) ရိခါဇေမြို့ တင့်ရိ ခရိုင်တွင် ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင် ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်
ဘေကျင်းစံတော်ချိန် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်တွင် တရုတ်နိုင်ငံ ရှီးဇန့်(တိဘက်)ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ရိခါဇေမြို့ တင့်ရိ ခရိုင်တွင် ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင် ဖြစ်ပွားခဲ့ပြီး လူအမြောက်အမြား သေကျေဒဏ်ရာ ရရှိမှု ဖြစ်ခဲ့၍ နေအိမ် အမြောက်အမြား ပြိုကျပျက်စီးခဲ့ပါသည်။
ငလျင် ဖြစ်ပွားခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။ ရှီကျင့်ဖိန်က ကယ်ဆယ်ရေး လုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်ရမည် ဖြစ်ပြီး သေကျေဒဏ်ရာ ရရှိမှုကို အတတ်နိုင်ဆုံး လျှော့ချရမည် ဖြစ်ကြောင်း၊ ဘေးသင့် ပြည်သူလူထုများအား သင့်တော်စွာ နေရာချထားပေးရမှာဖြစ်ပြီး နွေးထွေး ဘေးကင်းစွာ ဆောင်းကူးနိုင်ရန် အာမခံချက် ပေးရမည် ဖြစ်ကြောင်း၊ ငလျင်ဘေးများ တိုင်းတာ ကြိုတင်သတိပေးရေးကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်များကို အချိန်မီ ထောက်ပံ့ပေးရမည် ဖြစ်ကြောင်း ညွှန်ကြားထားပါသည်။